ကျန်းမာရေးလိုက်စားသူတွေအတွက် အကောင်းဆုံးကောက်ပဲသီးနှံများ

Posted in အစားအစာ


သဘာဝကနေ ရရှိတဲ့ အစားအသောက်တွေနဲ့ပဲ တစ်နေ့တာအတွက် ရိုးရှင်းတဲ့ စားသောက်မှုပုံစံကောင်းတစ်ခု ဖန်တီးကြမလား?

ကျန်းမာရေးအတွက် အာဟာရလည်း ပြည့်ဝရမယ်၊ စားရတာလည်း အရသာရှိစေဖို့ဆို အရည်အသွေးမြင့်တဲ့  ကောက်ပဲသီးနှံနဲ့ အစေ့အဆန်တွေက အကောင်းဆုံးရွေးချယ်မှု ဖြစ်မှာပါ။ ဘာလို့ဆို ဒီလိုကောက်ပဲသီးနှံနဲ့ အစေ့အဆန်တွေက အာဟာရဓာတ်၊ အမျှင်ဓာတ်နဲ့ အပင်ကရတဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ကြွယ်ဝဝစွာ ပါဝင်လို့ နှလုံးကျန်းမာရေးနဲ့ အစာခြေစနစ် ကောင်းမွန်ဖို့အပြင် ကိုယ်အလေးချိန် ထိန်းညှိဖို့အတွက်ပါ အကျိုးကျေးဇူးကောင်းတွေ ရှိလို့ပါပဲ။ ဒါကြောင့် အခုလို အစေ့အဆန်တွေကို နေ့စဥ်အစားအစာတွေထဲမှာ ထည့်သွင်းစားသောက်မယ်ဆို သိသာကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေမှာ သေချာတာမလို့ ဒါတွေကို ဘယ်လိုအလွယ်တကူ စားသုံးနိုင်လဲဆိုတာနဲ့ သူတို့ရဲ့ ကောင်းကျိုးတွေကို တစ်ခုချင်းစီ ဖော်ပြပေးသွားပါမယ်။

ကောက်ပဲသီးနှံနဲ့ ပဲအမျိုးအစားများ

ဒီလို ထူးခြားပြည့်စုံတဲ့ ပဲအမျိုးမျိုးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ အမျှင်ဓာတ်တွေကို အဓိက ပေးစွမ်းနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းသူများအတွက်ပါ စားသင့်တဲ့ အစားအစာတွေပါ။ ဒီထဲမှာ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ ရောနှောပြီးသား ကောက်ပဲသီးနှံအရောတွေ ပါဝင်တာကြောင့် တခါတည်းဝယ်ယူပြီး ချက်ပြုတ်စားသောက်ရ လွယ်ကူစေမှာ အမှန်ပါပဲ။

(၁) ကောက်ပဲသီးနှံ အရော

Brown Rice & Vital Pulse Fusion - အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ် ပါဝင်မှု မြင့်မားတဲ့ ဆန်လုံးညို၊ ကောက်ညှင်းငချိတ်နဲ့ ပဲလွန်းဖြူတို့ကို ရောထားတဲ့ ဒီဆန်အရောမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝလို့ စားသုံးမယ်ဆို ကိုယ်ခံအားလည်း ကောင်းစေပါတယ်။ သူ့ကို ဆန် ၁ ဆ၊ ရေ ၂ ဆ အချိုးနဲ့ ၁၅ မိနစ် ကနေ မိနစ် ၃၀လောက်အထိ ချက်ပြီး စားသုံးနိုင်ပါတယ်။

Mixed Brown Rice & Garden Pea - တစ်နေ့တာလုံး အားအင်ပြည့်ဝစေဖို့အတွက် ဆန်လုံးညိုနဲ့ စားတော်ပဲ အရောကို ထမင်းအစားထိုးအနေနဲ့ ဆန် ၁ ဆ၊ ရေ ၂ ဆ အချိုးနဲ့ပဲ ပုံမှန်ချက်စားနိုင်ပါတယ်။ ဒီဆန်အရောအစပ်က သူ့ချည်းပဲမဟုတ်ဘဲ ကြက်သားကင် ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ပြုတ်တွေနဲ့ စားရင် ပိုလိုက်ဖက်ပါတယ်။

Six Pulse Protein Blend -  ကောက်ညင်းဖြူ၊ ပဲဝါလေးနဲ့ တခြားပဲ (၆) မျိုးပါဝင်တဲ့ ဒီကောက်ပဲသီးနှံ အရောမှာဆိုရင်လည်း ပုံမှန်ထက် ပဲအမျိုးမျိုး ပါဝင် ရောနှောထားတာကြောင့် အာဟာရဖြစ်ပြီး ကြွက်သားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ ဒါမချက်ခင်တော့ ပဲတွေကို မိနစ် ၃၀ ခန့် ရေစိမ်ပြီး နူးအိအောင်ပြုတ်ကာ ဟင်းချိုချက်တာဖြစ်ဖြစ်၊ ဟင်းချက်စားတာဖြစ်ဖြစ် လုပ်စားနိုင်တာပါ။

(၂) နှံစားပြောင်းအမျိုးမျိုး

Barley (မုယောစပါး) - ဗီတာမင်ဓာတ်မျိုးစုံ ပါဝင်တဲ့ မုယောစပါးမှာ သွေးတွင်းသကြားဓာတ်နဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး အစာခြေစနစ်ပါ ကောင်းမွန်စေပါတယ်။ မုယောတွေကို ရေသေချာဆေးပြီး နူးအောင် ပြုတ်တာ ဖြစ်ဖြစ် ချက်တာဖြစ်ဖြစ် ဖန်တီးစားလို့ရပါတယ်။ 

Millet (လူး၊ ဆပ်) - သူက Gluten မပါဝင်လို့ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာဖို့အတွက် အရမ်းသင့်လျော်ပါတယ်။ ရေသေချာဆေးပြီး ထမင်းအစားထိုးအနေနဲ့ ချက်စားနိုင်တဲ့အပြင် တွဲဖက်စားမယ့် အစားအစာနဲ့ လိုက်ဖက်သလို ချက်ပြုတ်နိုင်ပါတယ်။

Corn Grits (ပြောင်းဖူးစေ့အနု) - ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝတာကြောင့် စားလိုက်ရင် အားအင်ဖြစ်စေတဲ့ ပြောင်းဖူးစေ့တွေကိလည်း အမျိုးမျိုးချက်စားနိုင်ပြီး ဒါကို နွားနို့နဲ့ကျိုပြီး ခပ်ပျစ်ပျစ် ဆန်ပြုတ်လိုမျိုး စားသုံးနိုင်ပါသေးတယ်။

(၃) ပဲအမျိုးမျိုး

ပရိုတင်းဓာတ်ရဲ့ အရင်းအမြစ်တွေ ဖြစ်တဲ့ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ ပဲ‌ရေပွ၊ ဘိုစားပဲ၊ ပဲပိစပ်၊ ပဲနက် စတာတွေကို ကိုယ်အလေးချိန်နဲ့ ဟော်မုန်းအပြောင်းအလဲတွေကို ထိန်းညှိပေးပြီး စားမယ်ဆို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ တစ်ပုံတစ်ပင်ပါပဲ။ ဒီပဲအမျိုးအစားအများစုကတော့ ၆ နာရီ ကနေ ၈ နာရီလောက် အထိ ရေစိမ်ပြီးမှ ပြုတ်ပါ။ ပြီးရင် ပဲဟင်းချက်စားတာဖြစ်ဖြစ်၊ ပဲသုပ်သုပ်စားတာဖြစ်ဖြစ် လုပ်စားနိုင်ပါတယ်။

အစေ့အဆန်နဲ့ အသီးခြောက်များ

ဒါတွေကတော့ အဆာပြေစားဖို့ဖြစ်ဖြစ်၊ တခြားအစားအစာတွေပေါ်မှာ အရသာပိုကောင်းအောင် ဖြူးစားဖို့ဖြစ်ဖြစ် အကောင်းဆုံးဖြစ်တာကြောင့် လူကြီး၊ လူငယ်မရွေး စားပေးသင့်တဲ့ အစားအစာထဲ ပါဝင်ပါတယ်။ 

(၁) နှမ်းအမျိုးအစားတွေ

Black & White Sesame (နှမ်းနက်၊ နှမ်းဖြူ) - အရိုးအဆစ်သန်မာစေတဲ့ ကယ်လ်စီယမ်နဲ့ သံဓာတ်တွေ အများကြီးပါဝင်တဲ့အပြင် အစာခြေစနစ်ကိုလည်း ကျန်းမာစေတဲ့ နှမ်းအမျိုးအစားတွေ ဖြစ်ပါတယ်။ ထမင်းသုပ်၊ လက်ဖက်သုပ်တွေပေါ်မှာ ဖြူးစားနိုင်ပြီး သူ့ကို မစားခင် အနည်းငယ် လှော်ပေးလိုက်ရင် ပိုမွှေးပျံ့စေပါတယ်။

(၂) အသင့်စား အ‌စေ့အဆန်တွေ

Almond Raw (ဗာဒံစေ့) - နှလုံးကျန်းမာရေးအတွက် အရမ်းကောင်းမွန်ပြီး အသားရည်ကို ကြည်လင်စေပါတယ်။ သူ့အတိုင်း အဆာပြေစားနိုင်သလို၊ ဒိန်ချဉ်ထဲ ထည့်စားရင်လည်း အရသာရှိတာပါ။

Dried Goji Berries (ဂိုဂျီသီးခြောက်) - မျက်စိအားကောင်းစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ ဂိုဂျီသီးခြောက်တွေကို ရေနွေးကြမ်းထဲ ထည့်သောက်တာ၊ ဟင်းချိုထဲ ထည့်သောက်တာအပြင် Smoothie ထဲ ထည့်ဖျော်တာဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။

Jujube Seedless (ဇီးသီးအနီခြောက်) - အိပ်ပျော်ရခက်သူတွေနဲ့ အစာခြေစနစ်မကောင်းသူတွေအတွက် သင့်လျော်ပါတယ်။ သူ့ကိုလည်း လက်ဖက်ရည်ထဲ ထည့်သောက်နိုင်သလို၊ ဟင်းချိုထဲမှာလည်း ထည့်ချက်နိုင်ပါတယ်။

အခုပြောပြသွားခဲ့တဲ့ ကောက်ပဲသီးနှံနဲ့ အ‌စေ့အဆန်အမျိုးအစားတွေက ကိုယ်ခန္ဓာကျန်းမာရေးအတွက် အကျိုးကျေးဇူးကောင်းတွေ အများကြီးရှိပြီး တစ်နေ့တာစားသောက်မှုတွေမှာ မကြာခဏ ထည့်သွင်းစားသောက်သင့်ပါတယ်။ အခုချိန်မှာ ဒီပစ္စည်းလေးတွေကို marketplace ဆိုင်ခွဲတွေမှာ နှစ်သက်ရာပမာဏအလိုက် ရွေးချယ်ဝယ်ယူနိုင်ပြီ ဖြစ်လို့ ကျန်းမာတဲ့ နေထိုင်မှုပုံစံအတွက် ဒီအစေ့အဆန်လေးတွေက အကောင်းဆုံး ထောက်ပံ့ကူညီပေးမှာ အမှန်ပါပဲနော်။ 


Share

Comments

Related Posts