မိုးရာသီမှာ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေ ဘာကြောင့် မကြာခဏလဲသင့်တာလဲ

Posted in အိမ်မှုရေးရာ


မိုးတွင်းရောက်ပြီဆို မြေသင်းနံ့မွှေးမွှေးနဲ့ မိုးသံငြိမ့်ငြိမ့်ကို နားထောင်ရင်း အိပ်စက်ရတာ အေးချမ်းလှပေမယ့် အိပ်စက်ရာနေရာက စိုထိုင်းဆတွေကြောင့် စိုစွတ်နေမယ်ဆို သက်တောင့်သက်တာ မဖြစ်နိုင်တော့ပါဘူး။ ဒီလိုမိုးကာလမှာ အိမ်တွင်းလေထုက ပုံမှန်ထက် အေးစက်စိုစွတ်နေတတ်တာကြောင့် အိပ်ခန်းထဲရှိတဲ့ အိပ်ရာ၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်တွေကလည်း စိုစိုစွတ်စွတ်တွေ ဖြစ်ပြီး အသုံးပြုတာ နှစ်ချီနေပြီဆို ဖုန်တွေ၊ ပိုးမွှားတွေ၊ မှိုစွဲတာတွေ ဖြစ်နေတတ်ပါတယ်။ ရာသီဥတုကလည်း ဒီလိုဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားပေးနေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုကောင်းကောင်း မရရှိနိုင်တော့ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ဖို့ အရည်အသွေးကောင်းတဲ့ အိပ်ရာသုံးပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်ကောင်းဆိုတာက ဇိမ်ခံတာသက်သက် မဟုတ်ဘဲ မရှိမဖြစ် အရေးပါတာကြောင့် အခုလိုမိုးတွင်းမှာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းရဖို့ ဘာတွေလုပ်သင့်လဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

ဘာကြောင့် မိုးတွင်းမှာ အသစ်လဲသင့်တာလဲ

ပူပြင်းခြောက်သွေ့တဲ့နွေမှာ သက်သောင့်သက်သာရှိခဲ့တဲ့ အိပ်ရာသုံးပစ္စည်းတွေပေမဲ့ မိုးရာသီလည်း ဖြစ်၊ အသုံးပြုတာလည်း အချိန်ကြာလာတာနဲ့အမျှ မွေ့ရာနဲ့ ခေါင်းအုံးတွေက ရေမြှုပ်လိုမျိုး ချွေးနဲ့ စိုထိုင်းဆတွေကို စုပ်ယူထားပြီး အနံ့ဆိုးထွက်တာ၊ အရောင်ပြောင်းတာတို့ ဖြစ်လာပါတယ်။ 

စိုထိုင်းဆတွေ အရမ်းများတာကြောင့် မှိုတက်တာ၊ ဖုန်တွေ၊ ပိုးမွှားတွေ ပေါက်ဖွားဖို့လည်း အကောင်းဆုံးအချိန်ဖြစ်တာကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်လည်း အိပ်ရာသုံးပစ္စည်းတွေကို မဖြစ်မနေ ပြောင်းလဲဖို့ လိုအပ်လာပါတယ်။ ဒါမှသာ အိပ်ရာထချိန်မှာ ဖြစ်တတ်တဲ့ နှာခေါင်းပိတ်တာ၊ လည်ချောင်းယားတာ စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ မဖြစ်တော့ဘဲ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်နိုင်မှာပါ။

ဒါကြောင့် လေဝင်လေထွက်ကောင်းပြီး စိုထိုင်းဆ ကာကွယ်နိုင်တဲ့ ပစ္စည်းတွေကို မိုးတွင်းမှာ တစ်ကြိမ်လောက် ပြန်လည်ပြင်ဆင်လဲလှယ်ဖို့ လိုအပ်ပြီး ဒါက ကိုယ့်အတွက် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ဖို့ ရင်းနှီးမြုပ်နှံမှု တစ်ခုပါပဲ။

ဘယ်လိုပစ္စည်းတွေ လဲလှယ်ရမလဲ

သန့်သန့်ရှင်းရှင်းနဲ့ သက်တောင့်သက်တာ အိပ်စက်ရဖို့ 

အခြေခံပစ္စည်းဖြစ်တဲ့ အောက်ခံ မွေ့ယာကလည်း ဖုန်မှုန့်တွေ၊ စိုထိုင်းဆတွေ ရှိနိုင်တဲ့ ကြမ်းပြင်၊ သစ်သားခုတင်၊ သံခုတင် တွေရဲ့ အပေါ်မှာ အထပ်တစ်ထပ် အနေနဲ့ရော သက်တောင့်သက်သာ ရှိဖို့ပါ အထောက်အကူပြုတာကြောင့် မွေ့ယာတွေ နှစ်တွေအကြာကြီး အသုံးပြုနေပြီဆို သေချာပေါက် လဲလှယ်သင့်ပါတယ်။

အိပ်စက်ရာမှာ သက်တောင့်သက်သာရှိစေဖို့ အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ခေါင်းအုံးကတော့ လဲလှယ်အသုံးပြုသင့်တဲ့အထဲမှာ ပါဝင်ပါတယ်။ မျက်နှာ၊ ဆံပင်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ဒီပစ္စည်းက အလှအပအတွက်ရော၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အရေးပါတာကြောင့် ကိုယ်နဲ့ လိုက်ဖက်သင့်တော်တဲ့ အရည်အသွေးမြင့် ခေါင်းအုံးအမျိုးအစားတွေကို သေချာရွေးချယ်ပေးသင့်ပါတယ်။

သန့်ရှင်းမှုအတွက် နောက်ထပ် မဖြစ်မနေနဲ့ ခဏခဏ လဲလှယ်ပေးသင့်တဲ့ အရာတွေကတော့ အိပ်ရာခင်းစွပ်၊ ခေါင်းအုံးစွပ်၊ ဖက်လုံးစွပ်တွေပါပဲ။ ဒီအဝတ် အစွပ်တွေ ရွေးချယ်ရာမှာ Anti-dust/Anti-bacterial ဖြစ်တဲ့ ပစ္စည်းတွေ၊ အရည်အသွေးကောင်းပြီး နူးနူးညံ့ညံ့ရှိတဲ့ အစွပ်တွေကို ရွေးချယ်သင့်ပြီး ဒါတွေကပဲ မွေ့ရာနဲ့ ခေါင်းအုံးတွေထဲက ဖုန်မှုန့်နဲ့ ပိုးမွှားတွေ မရောက်အောင် တားဆီးပေးနိုင်ပါတယ်။

အပေါ်မှာ ပြောပြသွားတဲ့ အချက်လေးတွေ သိရှိသွားပြီဆိုတော့ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် အရည်အသွေးကောင်းတဲ့ အိပ်ခန်းဝင်ပစ္စည်းတွေကို Ocean ဆိုင်ခွဲတွေမှာ ရွေးချယ်ဝယ်ယူရင်း မိုးရာသီရဲ့ စိုစွတ်မှုဒဏ်ကို ကာကွယ်ကာ သက်တောင့်သက်တာရှိတဲ့ အိပ်စက်ခြင်းကို ပိုင်ဆိုင်နိုင်ကြပါစေနော်။  


Share

Comments

Related Posts