ရင်ဖွင့်ပါ

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


တစ်ခါတလေမှာ ဝမ်းနည်းတာ၊ စိတ်ဖိစီးတာ၊ အထီးကျန်တာနဲ့ ဘဝအခက်အခဲတွေကြောင့် စိတ်ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်တတ်လေ့ရှိကြသလို ကိုယ့်ခံစားချက်တွေကို ဘယ်သူမှနားလည်မှာမဟုတ်ဘူးလို့ ထင်ပြီး ရင်ဖွင့်ပြောဆိုခြင်းမရှိဘဲ စိတ်ထဲမှာပဲ သိမ်းထားတတ်ကြပါတယ်။ တကယ်တော့ ရင်ဖွင့်ပြောဆိုခြင်းဟာ အားနည်းချက်မဟုတ်ဘဲ အကူအညီရရှိဖို့အတွက် ရဲရင့်တဲ့ခြေလှမ်းတစ်ခုပါ။

အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်စရာမလိုပါဘူး

ဘဝမှာ အခက်အခဲတွေကြုံလာတဲ့အခါ ကိုယ်ယုံကြည်ရတဲ့ မိသားစုဝင်၊ သူငယ်ချင်း ဒါမှမဟုတ် စိတ်ကျန်းမာရေးပညာရှင်တစ်ဦးဦးကို ရင်ဖွင့်ပြောပြလိုအပ်ပါတယ်။ ပြောပြမယ့်စကားလုံးတွေကိုလည်း အထူးတလည်ကြိုတင်ပြင်ဆင် စဥ်းစားထားစရတော့မလိုပါဘူး။ “ ကျွန်တော်/ကျွန်မ အဆင်မပြေဘူး ” လို့ ပြောလိုက်တာနဲ့ပဲ ဆွေးနွေးပြောဆိုမှုကိုစတင်နိုင်ပါတယ်။



အချင်းချင်း ဂရုစိုက်ပေးကြရအောင်

ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ အခြေအနေကိုလည်း သတိထားကြည့်လိုက်မယ်ဆိုရင် တစ်စုံတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီးတိတ်ဆိတ်လာတာ၊ လူတွေနဲ့ဝေးကွာလာတာ၊ မျှော်လင့်ချက်မရှိသလို ပြောဆိုလာတာမျိုးတွေရှိမှာပါ။ ဒီလိုအ‌ခြေအနေမျိုးမှာ “ အဆင်ပြေရဲ့လား? ” လို့ မေးပေးလိုက်ရုံနဲ့ အချင်းချင်း ဂရုစိုက်ရာရောက်စေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပြဿနာအားလုံးကို ဖြေရှင်းပေးဖို့တော့မလိုအပ်ပါဘူး။ အပြစ်မတင်ဘဲ သူတို့ပြဿနာကိုနားထောင်ပေးရုံနဲ့ တင်အဆင်ပြေပါတယ်။

အချုပ်အားဖြင့် ... World Suicide Prevention Day မှာ တိတ်ဆိတ်နေခြင်းကို ရပ်တန့်ပြီး လူတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ခံစားချက်တွေကို လွတ်လပ်စွာပြောဆိုနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို အတူဖန်တီးလိုက်ရအောင် ... ။






Share

Comments

Related Posts