ဆေးဖက်ဝင်တဲ့ ပျားရည်တစ်ဇွန်း၊ ခန္ဓာကိုယ်ကို အားအင်ထွန်း

Posted in အစားအစာ


ပျားရည်ဟာ ရှေးနှစ်ပေါင်း ထောင်ချီကတည်းက ရိုးရာဆေးပညာတွေထဲမှာ ထည့်သွင်းအသုံးပြုကြသလို အခုခေတ်မှာလည်း ကျန်းမာရေးကို ဘက်ပေါင်းစုံကနေ အထောက်အပံ့ကောင်းတွေ ဆက်လက်ပေးနေတဲ့ သဘာဝဆေးစွမ်းတစ်လက်ပါပဲ။ ရိုးရိုး သကြားအစားထိုးအနေနဲ့တင် မဟုတ်တော့ဘဲ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်၊ ကိုယ်ခံအားစနစ်နဲ့ အစာအိမ်လမ်းကြောင်း ကျန်းမာရေးတွေအတွက်ပါ အကျိုးကျေးဇူးတွေ ရှိနေလို့ ပျားရည်ကို သဘာဝအားဆေးတစ်ခွက် အနေနဲ့ သောက်သုံးနေကြတာဖြစ်ပါတယ်။ ဒီလို ရောဂါဘယတွေ ကင်းဝေးစေပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ပျားရည်စစ်စစ်ကို နည်းမှန်မှန်သောက်သုံးရင် ခန္ဓာကိုယ်ရဲ့ ဘယ်လိုအပိုင်းတွေမှာ အကျိုးကျေးဇူးတွေ ပေးလဲဆိုတာ အောက်မှာ အသေးစိတ် ဆက်ဖတ်ကြည့်လိုက်ရအောင်။ 

Antioxidants ကြွယ်ဝခြင်း

သဘာဝပျားရည်တွေမှာ အရေးကြီးတဲ့ Organic Acids တွေနဲ့ Flavonoids လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အမြောက်အများပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို အကာအကွယ်ပေးပါတယ်။ ဒီဓာတ်တွေက ဆဲလ်တွေကို ဖျက်ဆီးတတ်တဲ့ Free Radicals တွေကို နှိမ်နှင်းပေးတာကြောင့် ရေရှည်မှာ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကင်ဆာရောဂါအမျိုးအစားတစ်ချို့ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျော့ချပေးတာပါ။

အသက်ရှူလမ်းကြောင်း ကျန်းမာစေခြင်း

ရေနွေး သို့မဟုတ် လက်ဖက်ရည်ထဲကို ပျားရည်ထည့်သောက်တာက ကလေး၊ လူကြီးမရွေး ဖြစ်တတ်တဲ့ ချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေအတွက် ကမ္ဘာက အသိအမှတ်ပြုထားတဲ့ သဘာဝ ကုထုံးတစ်ခု ပါပဲ။ ပျားရည်က လည်ချောင်းအတွင်းမှာရှိတဲ့ ရောင်ရမ်းနေတဲ့ အမြှေးပါးပေါ်မှာ အကာအကွယ် အလွှာတစ်ခုအဖြစ် ဖုံးအုပ်ပေးပြီး လည်ချောင်းယားယံတာကို လျှော့ချပေးကာ ညဘက်မှာ ချောင်းဆိုးသက်သာပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေမှာ ဖြစ်ပါတယ်။

အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာစေခြင်း

ပျားရည်မှာ အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားတွေကို ရှင်သန်တိုးပွားစေတဲ့ အာဟာရဓာတ်တွေ (Prebiotics) ပါဝင်ပါတယ်။ ဒါတွေကပဲ အစာအိမ်ရောင်ရမ်းတာ၊ ရင်ပူတာနဲ့ လေပွတာတို့ကို လျှော့ချပေးနိုင်တဲ့ သဘာဝ ပိုးသတ်အာနိသင်လည်း ရှိလို့နေတာပါ။ ဒါကြောင့် မနက်ပိုင်း အစာမရှိသေးချိန်မှာ ပျားရည်ကို ရေနွေးနွေးလေးဖြင့် ဖျော်သောက်ပေးတာက အစာခြေစနစ်ကိုလည်း ကောင်းမွန်စွာ နိုးထစေမှာ ဖြစ်ပါတယ်။ 

နှလုံးကျန်းမာရေးနှင့် သွေးဖိအားကို ထိန်းညှိပေးခြင်း

ပျားရည်ကို ပုံမှန်သောက်သုံးပေးမယ်ဆို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေတွေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။ ပျားရည်မှာပါဝင်တဲ့ အကျိုးပြု ဒြပ်ပေါင်းတွေက သွေးဖိအားကို ပုံမှန်ရှိနေစေဖို့ ကူညီပေးတဲ့အပြင် သွေးတွင်းရှိ မကောင်းတဲ့အဆီတွေနဲ့ ကိုလက်စထရောတွေ လျှော့ချပေးပြီး အကျိုးပြုစေတဲ့ ကိုလက်စထရောတွေကိုသာ မြှင့်တင်ပေးတာကြောင့် သွေးကြောကျဉ်းရောဂါကနေ ကာကွယ်ပေးမှာပါ။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း

ပျားရည်မှာ သဘာဝသကြားဓာတ် ပါဝင်နေလို့ အလွန်အကျွံ မသောက်သင့်ပေမဲ့လည်း သူ့ရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုကတော့ သကြားဖြူနဲ့ လုံးဝမတူပါဘူး။ ပျားရည်မှာ ပါဝင်တဲ့ Fructoseနဲ့ Glucose တို့ရဲ့ ထူးခြားတဲ့ဖွဲ့စည်းပုံကြောင့် အင်ဆူလင်ထွက်ရှိမှုကို ကောင်းမွန်စေတယ်လို့ National Library of Medicine ရဲ့ဆောင်းပါးမှာ လေ့လာနိုင်တာပါ။ ဒါကြောင့် ပျားရည်က သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် ဆောင့်တက်မသွားစေအောင် ထိန်းညှိပေးတာကြောင့် ဆီးချိုရောဂါ ကာကွယ်လိုသူတွေအတွက်လည်း သင့်လျော်တဲ့ အချိုဓာတ်ပါပဲ။

ပျားရည်ကို ကိုယ်တွင်းဓာတ်ပစ္စည်းတွေ မျှတစေဖို့ သဘာဝအားတိုးဆေးအဖြစ် သုံးစွဲကြလေ့ရှိရာမှာ အတုအစစ် သတိထားဝယ်သင့်ပြီး သဘာဝ ပျားရည်စစ်စစ်တွေကို City Care စတဲ့ စိတ်ချယုံကြည်ရတဲ့ ဆေးဆိုင်တွေမှာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ 


Share

Comments

Related Posts