
အေးမြတဲ့မိုးရာသီဟာ အစားစားချင်စိတ်ကိုသယ်ဆောင်လာတတ်လေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးအတွက် ကျန်းမာရေးနဲညီညွှတ်ပြီး၊ လိုက်ဖက်မယ့် အဆာပြေစားစရာလေးတွေဖော်ပြပေးသွားမှာဖြစ်လို့ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

အုတ်ဂျုံပြုတ်
ပထမဆုံးအနေနဲ့ မိုးရာသီမှာ စားသုံးရန် အကောင်းဆုံးသရေစာတစ်မျိုးကတော့ အုတ်ဂျုံပြုတ် ဖြစ်ပါတယ်။ အုတ်ဂျုံကတော့ အမျှင်ဓာတ် များစွာပါဝင်ပြီး၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိပါတယ်။ အုတ်ဂျုံပြုတ်ထဲမှာ စတော်ဘယ်ရီ၊ ငှက်ပျောသီး၊ ဘလူးဘယ်ရီ စတဲ့ လတ်ဆတ်တဲ့ သစ်သီးလေးတွေကို ထပ်မံထည့်သွင်းစားသုံးပေးမယ်ဆိုရင်တော့ အရသာပိုမိုကောင်းမွန်လာစေသလို ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဗီတာမင်နှင့် သတ္တုဓာတ်များကိုလည်း ရရှိစေဦးမှာပါ။ ဒါ့အပြင် Chia Seeds ဒါမှမဟုတ် ဗာဒံသီး၊ သစ်ကြားသီး၊ Pistachio နှင့် Cashew စတဲ့ အခွံမာသီးလေးတွေပါထပ်မံထည့်စားပေးဦးမယ်ဆိုရင်တော့ ပရိုတင်းနှင့် ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေမယ့် အဆီဓာတ်တွေကို ပိုမိုရရှိနိုင်စေမှာဖြစ်လို့ နှလုံးကျန်းမာရေးကိုများစွာအထောက်အကူဖြစ်စေမှာပါ။

ဒိန်ချဉ်
နောက်ထပ် ပေါ့ပေါ့ပါးပါးနဲ့ အရသာရှိတဲ့ သရေစာတစ်မျိုးကို ဖော်ပြပေးရမယ်ဆိုရင်တော့ ဒိန်ချဉ် ကိုညွှန်းပေးလိုပါတယ်။ ဒိန်ချဉ်ကို ဘယ်ရီသီးလေးတွေနဲ့ တွဲဖက်စားသုံးခြင်းဖြင့် အူလမ်းကြောင်းကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေမယ့် Probiotics တွေနဲ့ ကိုယ်ခံအားကောင်းစေစေမယ့် Antioxidants တွေရရှိစေမှာပါ။

ပန်းသီးစိတ်
ပန်းသီးအစိတ်လေးတွေကို Peanut Butter ဒါမှမဟုတ် Almond Butter နဲ့ တွဲဖက်စားသုံးခြင်းကလည်း နောက်ထပ်လွယ်ကူပြီး၊ အာဟာရပြည့်ဝတဲ့ သရေစာတစ်မျိုးပါပဲ။ ဒီလိုတွဲဖက်စားသုံးခြင်းဖြင့် ပန်းသီးရဲ့ သဘာဝချိုမြိန်မှုနဲ့ Peanut Butter ရဲ့ ပရိုတင်းဓာတ်တို့ ပေါင်းစပ်ပြီး၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို အလုံအလောက်ဖြည့်ဆည်းပေးစေဦးမှာပါ။

လက်ဖက်ရည်ပူပူတစ်ခွက်
မိုးအေးအေးလေးနဲ့ လက်ဖက်ရည်ပူပူတစ်ခွက်က လိုက်ဖက်တဲ့ အတွဲတစ်ခုဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။ Green Tea၊ Chamomile Tea ဒါမှမဟုတ် Ginger Tea တို့က ခန္ဓာကိုယ်ကို နွေးထွေးစေပြီး၊ စိတ်ဖိစီးမှုကို လျော့ပါးစေကာ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
အခုဖော်ပြသွားတဲ့ သရေစာလေးတွေက မိုးရာသီမှာ သင့်ကျန်းမာရေးကို ညီညွတ်စေမယ့် သရေစာလေးတွေဖြစ်မယ်လို့မျှော်လင့်လျှက် ကျန်းမာရေးကောင်းမွန်စေပြီး၊ အရသာရှိတဲ့ သရေစာလေးတွေနဲ့ မိုးရာသီကို ပိုမိုနွေးထွေးပျော်ရွှင်စွာ ဖြတ်သန်းလိုက်ရအောင်။
Comments