အကောင်းဆုံး ရေဓာတ်ဖြည့် သဘာဝ အစားအသောက်များ

Posted in အစားအစာ


လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းဖို့ အကောင်းဆုံးကတော့ ရေသောက်တာပါပဲ။ ဒါပေမဲ့ ‌ရေတစ်မျိုးတည်းကပဲ ရေဓာတ်ကို ရရှိနိုင်တာတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ရေဓာတ်ကို ဖြည့်ဆည်းနိုင်ပြီး ရေဓာတ်ကို အချိန်ကြာကြာ ထိန်းထားနိုင်ဖို့ ဒြပ်ပေါင်းတွေပါဝင် တခြား သဘာဝ အစားအသောက်တွေလည်း အများကြီးရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အဲဒီ သဘာဝအစားအသောက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

ရေဓာတ်ဖြည့်အစားအစာများ

သဘာဝအတိုင်း ရေဓာတ်ဖြည့်ပေးတဲ့ အစားအစာတွေကတော့ အသီးအရွက်တွေမှာ အများဆုံးတွေ့ရပါတယ်။ အဲဒီအထဲမှာမှ ရေပါဝင်မှု ၉၀ ရာခိုင်နှုန်းအထက်ရှိတဲ့ အသီးအနှံတွေကတော့ - 

၁။ သခွားသီး - ၉၆ ရာခိုင်နှုန်းခန့် 

၂။ ဆလပ်ရွက် - ၉၅ ရာခိုင်နှုန်းခန့် 

၃။ နံနံပင် - ၉၅ ရာခိုင်နှုန်းခန့်  

၄။ ဖရဲသီး - ၉၂ ရာခိုင်နှုန်းခန့် 

၅။ စတော်ဘယ်ရီ - ၉၁ ရာခိုင်နှုန်းခန့် 

ရေဓာတ်ဖြည့် သောက်စရာများ

သဘာဝအတိုင်း ရေဓာတ်ဖြည့်ပေးနိုင်တဲ့ သောက်စရာတွေကလည်း အများကြီးရှိပါတယ်။ အဲဒီအထဲကမှ အကောင်းဆုံးတွေကတော့ -

၁။ အုန်းရည် - “သဘာဝရဲ့ အားဖြည့်အချိုရည်” လို့တောင် တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ သကြားဓာတ်ပါဝင်မှုလည်း အနည်းဆုံးဖြစ်တဲ့အတွက် ပင်ပန်းတဲ့အချိန်၊ ရေဓာတ်ဆုံးရှုံးမှုများတဲ့အချိန်တွေမှာ သောက်သုံးဖို့ အကောင်းဆုံး သဘာဝအချိုရည်တစ်မျိုး ဖြစ်ပါတယ်။

၂။ ရှားစောင်းလက်ပတ် - ဒါကိုဖျော်ရည်လုပ်သောက်မယ်ဆိုရင် ရေဓာတ်တင်မက ခန္ဓာကိုယ်ကိုလည်း အေးမြစေပြီး အစာချေဖျက်မှုကိုလည်း အကူအညီပေးနိုင်ပါတယ်။ ဒါပေမဲ့ အများကြီးသောက်လို့တော့ မရပါဘူး။

၃။ ရေနွေးကြမ်း - အထူးသဖြင့် နွေရာသီမှာဆိုရင် ရေဓာတ်ဖြည့်ပေးဖို့အတွက်နဲ့ ခန္ဓာကိုယ်အေးမြစေဖို့အတွက် အကောင်းဆုံး သောက်စရာတစ်ခုကတော့ ရေနွေးကြမ်းပဲဖြစ်ပါတယ်။

Tip: ဒီအစားအသောက်တွေကို မနက်ခင်းစောစော ဒါမှမဟုတ် နေ့လယ်စာခင်း အဆာပြေစားတဲ့အချိန်တွေမှာ စားသောက်မယ်ဆိုရင် နုံးချိတာ၊ အိပ်ငိုက်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။


Share

Comments

Related Posts