နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချက် (၅) ချက်

Posted in ကျန်းမာရေး


နှလုံးဟာ  ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်ပြီး အောက်ဆီဂျင်ကို ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသို့ ပို့ဆောင်ပေးတာဖြစ်သလို ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်တာကြောင့် နှလုံးကျန်းမာရေးဟာ အသက်ရှည်ရှည်နှင့် ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ အဓိကကျလွန်းပါတယ်။

ဒါကြောင့် နှလုံးကျန်းမာရေးကို သေသေချာချာ ဂရုစိုက်နိုင်စေရန်အတွက် ရှောင်ကြဥ်ရမယ့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ရပါတယ်နော် ... ။


၁။ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို အလွန်အကျွံ စားသုံးခြင်း

 (သွေးတွင်းကိုလက်စထရော (Cholesterol) နှင့် သွေးပေါင်ချိန်ကို မြင့်တက်စေတဲ့ အမြန်စားအစားအစာတွေ၊ အကြော်အလှော်တွေ၊ ဆားဓာတ်များတဲ့ မုန့်တွေနဲ့ သကြားပါဝင်မှုများတဲ့ အချိုရည်တွေကို အလွန်အကျွံ စားသုံးခြင်းတွေဟာ နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။)

၂။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း

(အချိန်ကြာမြင့်စွာ ထိုင်နေခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု လုံလောက်စွာ မပြုလုပ်ခြင်းဟာ အချိန်ကြာလာသည်နှင့်အမျှ အဝလွန်ခြင်း၊ သွေးပေါင်ချိန်မြင့်ခြင်းနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေများလာနိုင်ပါတယ်။)

၃။ ဆေးလိပ်သောက်ခြင်းနှင့် အရက်အလွန်အကျွံ သောက်သုံးခြင်း

(ဆေးလိပ်သောက်ခြင်းဟာလည်း သွေးကြောများကို ထိခိုက်စေပြီး သွေးလည်ပတ်မှုကို ခက်ခဲစေသလို၊

အရက်အလွန်အကျွံ သောက်သုံးခြင်းဟာလည်း သွေးပေါင်ချိန်ကို မြင့်တက်စေပြီး နှလုံးပြဿနာများ ဖြစ်ပွားစေနိုင်ပါတယ်။)


၄။ စိတ်ဖိစီးမှုများခြင်းနဲ့ အိပ်ရေးမဝခြင်း

(စိတ်ဖိစီးမှုများခြင်းနဲ့ အိပ်ချိန်မလုံလောက်ခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်တာကြောင့် နှလုံးကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။)

၅။ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများကို လျစ်လျူရှုခြင်း

(လူတော်တော်များများ သွေးပေါင်ချိန်၊ သွေးတွင်းကိုလက်စထရောနှင့် သွေးတွင်းသကြားဓာတ်များကို ပုံမှန်စစ်ဆေးဖို့ ပေါ့ဆတတ်တာကြောင့် တစ်ခါတစ်ရံ နှလုံးနှင့်ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေဟာ လက္ခဏာ မပြဘဲ ဖြစ်ပေါ်လာနိုင်ပါတယ်။)

အခုဖော်ပြလိုက်တဲ့ အချက် (၅)ချက်ကို သေချာဂရုစိုက်ဆင်ခြင်ခြင်းဖြင့်  နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချလိုက်ရအောင် ... ။



Share

Comments

Related Posts