မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ မရှိအောင် ဘယ်လိုဈေးဝယ်ကြမလဲ

Posted in လူမှုဘဝ


ဈေးဝယ်ကြတဲ့နေရာမှာ “Smart Shopping” ဆိုတဲ့ စနစ်တကျ၊ စမတ်ကျကျ ဈေးဝယ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ စမတ်ကျကျ ဈေးဝယ်တယ်ဆိုတာကတော့ ကိုယ့်အတွက် ဒါမှမဟုတ် အိမ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ အစားအသောက်တွေကို အပိုကုန်ကျစရိတ်တွေ၊ အချိန်ပိုကုန်တာတွေ မရှိဘဲ လုံလုံလောက်လောက် စနစ်တကျဝယ်ယူနိုင်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပုံမှန်အချိန်တွေထက် ခက်ခဲကြပ်တည်းတဲ့ ကာလတွေမှာ ဒီလို စမတ်ကျကျ ဈေးဝယ်တတ်ဖို့က ပိုပြီး အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Smart Shopping ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆွေးနွေးပေးသွားမှာဖြစ်လို့ အဆုံးထိဖတ်ကြည့်လိုက်ပါဦးနော်။

ဈေးဝယ်ဖို့ နေရာ၊ လမ်းကြောင်းနဲ့ အချိန် ရွေးချယ်ခြင်း

အပိုကုန်ကျစရိတ်နဲ့ အချိန်ပိုကုန်တာတွေ မရှိတဲ့ Smart Shopping ဖြစ်ဖို့ဆိုရင် အရင်ဆုံး အရေးကြီးတာကတော့ ဈေးဝယ်မယ့် နေရာ၊ သွားလာဖို့ လမ်းကြောင်းနဲ့ အချိန် ရွေးချယ်တာပါပဲ။ ကိုယ်လိုအပ်တဲ့ ပစ္စည်းတွေကို နေရာအစုံမှာ တစ်ရက်စီသွားဝယ်နေရမယ်ဆိုရင် ကုန်ကျစရိတ်လည်း ပိုများပြီး အချိန်လည်း ပိုကုန်မှာ သေချာပါတယ်။ ဒါကြောင့် နေရာရွေးချယ်တဲ့‌အခါမှာ အတတ်နိုင်ဆုံး တစ်နေရာတည်းမှာ အစုံအလင်ရနိုင်တဲ့နေရာ ဒါမှမဟုတ် ဝယ်ရမယ့်ဆိုင်တွေက တစ်ဆိုင်နဲ့ တစ်ဆိုင် နီးနီးနားနားမှာ ရှိနေတဲ့နေရာမျိုးဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဥပမာ City Mart, Ocean နဲ့ marketplace လို နေရာမျိုးတွေမှာ စားသောက်ကုန်တွေ၊ လူသုံးကုန်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ရရှိနိုင်ပါတယ်။

နောက်ထပ် စီစဉ်ဖို့လိုအပ်တာကတော့ လမ်းကြောင်းနဲ့ အချိန်ပါ။ ကိုယ့်ရဲ့ အိမ်၊ ကျောင်း၊ အလုပ် တွေနဲ့ နီးနီးနားနားရှိတဲ့နေရာ ဒါမှမဟုတ် နေ့စဉ်သွားလာတဲ့ လမ်းကြောင်းပေါ်မှာ ရှိတဲ့နေရာမျိုးတွေဆိုရင် တကူးတက သွားလာရတဲ့ အချိန်နဲ့ ကုန်ကျစရိတ်ကို သက်သာစေပါလိမ့်မယ်။ အချိန်အားဖြင့်တော့ လူသွားလူလာများတဲ့ ရုံးချိန်၊ ကျောင်းချိန်တွေကို ရှောင်ပြီး သွားမယ်ဆိုရင် အကောင်းဆုံးပါပဲ။

Smart Tip: Citymall Online လိုမျိုး နေ့ချင်း delivery ရတဲ့ services တွေက မှာယူမယ်ဆိုရင် ဒီအရာတွေအကုန်လုံးကို ဖြေရှင်းပြီးသား ဖြစ်ပါလိမ့်မယ်။

လက်ကျန်ပစ္စည်း စီမံခန့်ခွဲခြင်း

ဈေးဝယ်တဲ့နေရာမှာ လိုအပ်တာတွေ ဝယ်ဖို့ မေ့ခဲ့တာနဲ့ မလိုတာတွေ ဝယ်လာမိတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားတွေပါပဲ။ အဲဒီအမှားတွေက ကုန်ကျစရိတ်ကို ပိုများစေပြီး မလိုအပ်ဘဲ အချိန်တွေ ပိုကုန်စေတတ်ပါတယ်။ ဒါကြောင့် ဈေးမဝယ်ခင်မှာ လိုအပ်တဲ့ ပစ္စည်းတွေ၊ အစားအသောက်တွေကို စစ်ဆေးပြီး စာရင်းလုပ်ထားသင့်ပါတယ်။ ဒါ့အပြင် ဆန်၊ ဆီ၊ ဆားတို့လို အခြေခံစားသောက်ကုန်တွေနဲ့ အရေးကြီးလိုအပ်နိုင်တဲ့ ပစ္စည်းတွေအတွက် အရေအတွက်နည်းနည်းစီ ပိုပြီး စုဆောင်းထားဖို့လည်း စီမံသင့်ပါတယ်။ ဝယ်လာတဲ့ ပစ္စည်းတွေအတွက်တော့ First in, First out (အရင်ဆုံးဝယ်တဲ့ ပစ္စည်းကို အရင်ဆုံး သုံးခြင်း) ဆိုတဲ့ နည်းလမ်းအတိုင်း အသုံးပြုတာက အလေအလွင့်ဖြစ်တာကို လျှော့ချပေးမှာပါ။

Smart Tip: အစားအသောက်တွေ၊ ပစ္စည်းတွေကို လုံးဝကုန်သွားမှ ဝယ်တာမျိုး မလုပ်ပါနဲ့။

ငွေကြေးစီမံခန့်ခွဲခြင်း

စမတ်ကျကျ ဈေးဝယ်တဲ့နေရာမှာ ငွေကြေးကို စီမံခန့်ခွဲတတ်ဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲ။ ဒီအတွက် အမြဲတမ်း ဈေးပေါတာတွေပဲ ရွေးချယ်ဖို့ မဟုတ်ပါဘူး။ တချို့ပစ္စည်းတွေက ချုံငုံကြည့်မယ်ဆိုရင် ဈေးပိုသက်သာတယ်လို့ ထင်ရပေမဲ့ ပါဝင်တဲ့ ပမာဏနဲ့ ပြန်အချိုးချ တွက်ကြည့်လိုက်ရင် ဈေးပိုများနေတာကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် ပစ္စည်းတွေရဲ့ ပါဝင်တဲ့ ပမာဏနဲ့ ဈေးနှုန်းကို အသေးစိတ်ကြည့်ပြီး နှိုင်းယှဉ်တတ်ဖို့ လိုပါတယ်။ နောက်တစ်ချက်ကတော့ Plan B ထားဖို့ပါ။ ကိုယ်ဝယ်ချင်တဲ့ပစ္စည်းက မရှိဘူး၊ ဒါမှမဟုတ် ကိုယ်မျှော်မှန်းထားတဲ့ ဈေးနှုန်းထက် ပိုများနေတယ်ဆိုတဲ့အခါမှာ တခြားပစ္စည်း အစားထိုးတစ်ခု ရွေးချယ်ဖို့ ဒါမှမဟုတ်ရင်လည်း တခြားနည်းလမ်းတစ်ခု စဉ်းစားထားဖို့ လိုအပ်ပါတယ်။

Smart Tip: Digital Payment တွေနဲ့ ပေးချေလို့ရတဲ့ နေရာတွေမှာ ငွေသားကို မသုံးဘဲ ချန်ထားပါ။

ဒါဆိုရင်တော့ စမတ်ကျကျ ဈေးဝယ်နိုင်ဖို့ အရေးကြီးတဲ့အချက်လေးတွေကို ပြောပြလိုက်ပါပြီ။ စမတ်ကျကျ ဈေးဝယ်ဖို့အတွက် လိုအပ်ချက်တွေ အကုန်လုံးကို ဖြည့်ဆည်းပေးနိုင်ဖို့ City Mart, Ocean နဲ့ marketplace ဆိုင်ခွဲတွေကလည်း အမြဲအသင့်ရှိနေပါတယ်နော်။


Share

Comments

Related Posts